ပင်မ
ကျွန်ုပ်တို့ အကြောင်း
ဆက်သွယ်ရန်
ဒေါင်းလုဒ်
မေးခွန်းများ
More
Re21 ဆိုတာ သာမန် ရိုးရိုးဘတ်ဂျက်မှတ်တဲ့ အပလီကေးရှင်း မဟုတ်ပါဘူး။ လူတွေကို ငွေရေးကြေးရေးပိုင်း နှင့်ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းကျော်လွှားတတ်လာရန်အတွက် ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ မွေးနိုင်အောင်၊ စနစ်တကျနဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ နည်းပြတစ်ယောက်လို ကူညီလမ်းညွှန်ပေးမှာပါ။
အသုံးစရိတ်ကို ခြေရာခံခြင်းသည် အကောင်းဆုံးငွေကြေးဆိုင်ရာ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ တိတိကျကျမှတ်နိုင်လေ သင့်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုကို အထောက်အကူပြုနိုင်လေပါပဲ။ Re21 ရဲ့ “ရေးမှတ်” မှာ သင့်ရဲ့ ဝင်ငွေ၊ ထွက်ငွေတွေကို ရေးမှတ်နိုင်ပါပြီ။
အသုံးစရိတ်အမျိုးအစားများ စနစ်တကျသတ်မှတ်နိုင်သည်။
တစ်ကိုယ်ရေသုံး၊ လုပ်ငန်းသုံး စသဖြင့် စာရင်းစာအုပ်များ ခွဲခြားနိုင်သည်။